Events

India Chem 2021 ပြပွဲကျင်းပမည်

Updated At: 2020-08-18 09:35:19

 “India Chem 2020” ပြပွဲကိုအိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း Covid- 19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး အစီအမံများ ဆောင်ရွက်လျက်ရှိရာ အခြေအနေအရ အဆိုပါ  ပြပွဲကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကတဆင့် ပြပွဲတက်ရောက်ပါရန် ဖိတ်ကြားလာပါသည်။ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ လုပ်ငန်းရှင်များ တက်ရောက်၍ မြန်မာပြခန်းပါဝင်ပြသနိုင်ပါ ကြောင်း၊ ပြပွဲဆိုင်ရာအသေးစိတ်အချက်အလက်များကို http://www.indiachem.in သို့ ဝင်ရောက်ကြည့်ရှု နိုင်ပါကြောင်းနှင့် Nr. Shri Samir Kumar Biswas၊ Joint Secretary၊ ရေနံနှင့်ဓာတုပစ္စည်းဦးစီးဌာန၊ Ministry of Chemicals and Fertilizers၊ ဖုန်းနံပါတ်-+ 91 11 233 83 428၊ Email- [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သိရှိရပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များသိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email: [email protected]၊ moctradefair@ myantrade.gov.mm နှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ မြန်မာ စီးပွားရေးသံမှူး၊ ဦးနေအေးလွင်၊ email:myanmarecoattache.Delhi @gmail.com တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။